International News

အီးယူ-ဂျပန် စီးပွားရေးမိတ်ဖက်သဘောတူညီချက်၏ ပထမနှစ်တွင် အီးယူ၏ ပို့ကုန်တိုးတက်မှု ရှိခဲ့

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် အီးယူ-ဂျပန် စီးပွားရေးမိတ်ဖက် သဘောတူညီချက်၏ ပထမအကြိမ် နှစ်ပတ်လည်နေ့ဖြစ်ပြီး၊ သဘောတူညီချက် အကောင်အထည်ဖော်ပြီး နောက် ပထမ (၁၀) လအတွင်း အီးယူမှ ဂျပန် နိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် (၆.၆.)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ယင်းမှာပြီးခဲ့သည့် (၃) နှစ်တာကာလအတွင်း ပျမ်းမျှတိုးတက်မှုနှုန်း (၄.၇) ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ခြင်းဖြစ် ကြောင်း၊ အလားတူကာလအတွင်း ဂျပန်နိုင်ငံမှ အီးယူသို့ ပို့ကုန်တင်ပို့မှုသည်လည်း (၆.၃) ရာခိုင်နှုန်းဖြင့် တိုးတက်မှုရှိ ခဲ့ကြောင်း ဥရောပကော်မရှင်၏ ၃၁-၁-၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အီးယူ-ဂျပန် ကုန်သွယ်မှုသဘောတူညီချက်သည် အီးယူနှင့် ဂျပန်နိုင်ငံတို့ရှိ ကုမ္ပဏီများ၊ လယ်သမား၊ အလုပ်သမား များနှင့် နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း၊ နှစ်ဘက်အကြား အပြန်အလှန်တံခါးဖွင့်မှု၊ ယုံကြည် မှုနှင့် စည်းမျဉ်းများအပေါ် ကတိကဝတ်ပြုမှုတို့ သည် ကုန်သွယ်မှုတွင် စဉ်ဆက်မပြတ် တိုးတက်မှုကို ရရှိစေကြောင်း၊ အီးယူသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် တက်ကြွမှုအရှိဆုံး ကုန်သွယ်ရေးအုပ်စုဖြစ်ပြီး၊ ဆက်လက်၍လည်း ထိုသို့ ရပ်တည်သွားမည်ဖြစ်ကြောင်း၊ အီးယူသည် နိုင်ငံပေါင်း (၇၀) ကျော်အတွက် ယုံကြည်စိတ်ချရသော နှစ်နိုင်ငံ မိတ်ဖက် လည်းဖြစ်ပြီး၊ ၎င်းနိုင်ငံများနှင့် ကမ္ဘာအကြီးမားဆုံးကုန်သွယ်မှုကွန်ယက် လည်းဖြစ်ကြောင်း အီးယူ၏ ကုန်သွယ်ရေး ကော်မရှင်နာဖြစ်သူ Phil Hogan က ပြောကြားခဲ့ ပါသည်။

အဆိုပါကာလအတွင်း အီးယူ၏ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအပိုင်းတွင် တိုးတက်မှုရှိခဲ့သည့် ကဏ္ဍများမှာ ဝက်သား တင်ပို့မှု (၁၂.၆) တိုးတက်မှုနှင့် အေးခဲအမဲသားတင်ပို့မှုတိုးတက်ခဲ့ခြင်းတို့ကြောင့် အသားတင်ပို့မှုတွင် (၁၂%)၊ ထောပတ်တင်ပို့မှု (၄၇%) တိုးတက်ခဲ့သဖြင့် နို့ထွက်ပစ္စည်းတင်ပို့မှု တွင် (၁၀.၄%)၊ ဝိုင်တင်ပို့မှု (၁၇.၃%) တိုးတက်မှု ကြောင့်အဖျော်ယမကာတင်ပို့မှုတွင် (၂၀%) ၊ သားရေးပစ္စည်းတင်ပို့မှုတွင် (၁၄ %) နှင့် အဝတ်အထည် တင်ပို့မှုတွင် (၉.၅%)၊ တယ်လီဖုန်း ဆက်သွယ်ရေးပစ္စည်း ကိရိယာ၊ အီလက်ထရွန်နစ်ဆားကစ်၊ Storage Devices စသည့် လျှပ်စစ် ပစ္စည်းများတင်ပို့မှုတွင် (၁၆.၄%) အသီးသီးတိုးတက်မှုရှိခဲ့ခြင်းဖြစ်ကြောင်း၊ အီးယူ-ဂျပန် စီးပွားရေးမိတ်ဖက် သဘော တူညီချက်သည် အီးယူ၏ စီးပွားရေးလုပ်ငန်းအရွယ်အစားအားလုံးအတွက် ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့နိုင်စေမည့် အခွင့်အလမ်းများကို ဖန်တီးပေးထားကြောင်း၊ သဘောတူညီချက်အား အပြည့်အဝအကောင်အထည်ဖော်ချိန်တွင် ဂျပန်နိုင်ငံအနေဖြင့် အီးယူမှ တင်သွင်းသည့်ကုန်စည်များ၏ (၉၇%) အပေါ် အကောက်အခွန်နှုန်းထားများကို ဖယ်ရှား ပေးမည်ဖြစ်ပြီး၊ နှစ်ဘက်အကြား နှစ်စဉ်ကုန်သွယ်မှု ပမာဏမှာ ယူရို (၃၆) ဘီလီယံနီးပါးသို့ တိုးတက်ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ အီးယူ-ဂျပန် စီးပွားရေးမိတ်ဖက်သဘောတူညီချက်မှ အကျိုးအမြတ်ရရှိသည့် အီးယူ၏ စီးပွားရေး လုပ်ငန်းကဏ္ဍများမှာ ဥပမာအားဖြင့် စပိန်နိုင်ငံမှ သားရေးပစ္စည်းလုပ်ငန်း ကဏ္ဍ၊ ပြင်သစ်နိုင်ငံ၏ မျိုးစေ့လုပ်ငန်းကဏ္ဍ နှင့် အိုင်ယာလန်နိုင်ငံ၏ အမဲသားလုပ်ငန်းကဏ္ဍတို့ ဖြစ်ကြောင်း အဆိုပါသတင်းက ဖော်ပြထားသည်ကို သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်- https://ec.europa.eu/trade

Category: International News